Friday, October 30, 2015

ကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ




ကျိုင်းတုံ အောက်တိုဘာ ၂၉
မိုင်းလား၊ ကျိုင်းတုံမှ ဝင်ရောက် လာသော သွင်းကုန်ယာဉ်နှစ်စီးအား ရှောင်တခင်စစ်ဆေးရာ ကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ သိမ်းဆည်းရမိကြောင်း တာချီလိတ် ကုန်သွယ်ရေးစခန်း Mobile Team အဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၂၃ ရက်က မိုင်းလား-ကျိုင်းတုံမှ တာချီလိတ်မြို့သို့ မောင်းနှင်ဝင်ရောက်လာသည့် ၁၂ ဘီး ယာဉ်လေးစီးအနက် ယာဉ်အမှတ် 3K/...... ယာဉ်အား စစ်ဆေးရာ အဆိုပါ ယာဉ်မှာ ကျိုင်းတုံမြို့ အကောက်ခွန်ဦးစီးဌာနမှ ထုတ် ပေးထားသည့် သွင်းကုန် ကြေညာလွှာ(ID) များပါရှိသော်လည်း ကျိုင်းတုံ မြို့ အကောက်ခွန်ဦးစီးဌာနအနေဖြင့် သွင်းကုန်ကြေညာလွှာ(ID) ထုတ် ပေးရာတွင်(ID)တစ်စောင်လျှင် ကုန် တင်ယာဉ်တစ်စီးသာ ထုတ်ပေးရမည့် အစား (ID) တစ်စောင်ပေါ်တွင် ကုန်တင်ယာဉ်နှစ်စီး ပူးတွဲ၍ ရေးသား ထုတ်ပေးထားကြောင်း ပဏာမ စိစစ်တွေ့ရှိရသဖြင့်(ID) တွင် ပူးတွဲဖော်ပြထားသည့် ကုန်တင်ယာဉ် အမှတ် 2F/------ ယာဉ်ကိုလည်း စစ် ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးရာ တွင် ယာဉ် အမှတ် 3K/ ----- ယာဉ် ပေါ်မှ လိုင်စင်(ID) မပါရှိဘဲ အကောက်ခွန်မဲ့ တင်ဆောင်လာသော အမျိုးသမီးဝတ်/အမျိုးသားဝတ် အဝတ်အထည်များ၊ ကလေးတွန်း လှည်းစက်ဘီးများ၊ ဟင်းပေါင်းအိုး များ၊ ကလေးစီးကားများ၊ ဖုန်စုပ် စက်များ အပါအဝင် ပစ္စည်း ၂၆ မျိုး (တန်ဖိုးအားဖြင့် ကျပ် သိန်း ၅ဝဝ ကျော်)နှင့် ယာဉ်အမှတ် 2F/.......ပေါ်မှ ဂဏန်းပေါင်းစက်များ၊DVD စက်များ၊Camera များ၊Digital Video Recorder (CCTV) များ၊ Car Camera များ၊ ရေပူရေအေး စက်များ၊ ရေနွေးအိတ်များ၊Remote ပါကားအသေးများ၊ မျိုးစေ့အိတ်များ အပါအဝင် ပစ္စည်း ၂၅မျိုး(တန်ဖိုးအား ဖြင့် ကျပ်သိန်း ၇ဝဝကျော်)တို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့အပြင် ကုန်တင်ယာဉ်အမှတ် 2F/----- ပေါ်မှပင် အခွန်ပေးဆောင် ထားသည်ထက် ပိုမိုတင်ဆောင်လာ သော ကျပ်သိန်း ၂ဝဝကျော်ခန့်တန်ဖိုး ရှိIron Hair Processing Machine ၂၅ဝဝ နှင့်Hand Bag/ Shoulding Bag ၆ဝဝတို့အား စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အခွန်တိမ်းရှောင် ၍ တရားမဝင်သယ်ယူလာသည့် အကောက်ခွန်မဲ့ ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက် ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သီရိ)

No comments:

Post a Comment