Friday, October 30, 2015

၂၀၁၅ ခုနှစ် နိုင်ငံတော်အစိုးရ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး



Myanmaalinn's photo.

 နေပြည်တော် အောက်တိုဘာ ၂၉

၂ဝ၁၅ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြား သည်။
အခမ်းအနားတွင် ဒုတိယ သမ္မတက ယခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ် ရန်လျာထားပါကြောင်း၊ ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။
ဆရာတော်ကြီးများ ပင့်ဆောင် ရေး၊ သီတင်းသုံးနေထိုင်ရေး၊ ဆွမ်းဟင်းလျာများ ဆက်ကပ်လှူ ဒါန်းနိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွား ကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရန်ဖြစ်ကြောင်း ပြော ကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သံဃာတော်များပင့်ဆောင်မှု၊ သီတင်း သုံးမည့်နေရာ စီစဉ်ဆောင်ရွက် ထားမှု၊ ကထိန်ဉာတ်သင်္ကန်းလှူဒါန်းမည့်အခြေအနေ၊ ပဒေသာပင် လှူဒါန်း နိုင်ရေး ဆောင်ရွက်ထားမှု နှင့် သက်ဆိုင်ရာဆပ်ကော်မတီများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်း လင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆပ်ကော် မတီ အသီးသီးမှ တာဝန်ရှိသူများက ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထား ရေး၊ ဆွမ်းဆက်ကပ်ရေး၊ ဧည့်ခံ ကျွေးမွေးရေး၊ သံဃာတော်များပင့် ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး နှင့် ပဒေသာပင်များ ဆက်ကပ် လှူဒါန်းနိုင်ရေးတို့အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ များကို တင်ပြကြရာ ဒုတိယသမ္မတ က လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးသည်။
၂ဝ၁၅ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ ကျင်းပမည်ဖြစ် သည်။
အဆိုပါ ကထိန်သင်္ကန်းဆက် ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီး ၁၆ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီးကိုးပါး၊ စေတိယ ဟိတ ကာရက (ရွှေသုဝဏ်)ဆရာတော်နှင့် ဥပ္ပါတသန္တိစေတီတော် သြဝါဒါစရိယ ဆရာတော် ၁ဝ ပါး၊ ဒေသခံဆရာ တော် တစ်ပါးနှင့် နန်းဦးပရိယတ္တိ စာသင်တိုက်ကျောင်းမှ ဆရာတော် ၁၃ ပါး စုစုပေါင်းဆရာတော်ကြီး ၆၃ ပါးပင့်ဆောင်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment