Friday, October 30, 2015

ပထမဦးဆုံးသောဓာတ်ပုံစာအုပ်ကို ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ ဆူဇီ





တောင်ကိုရီးယားမင်းသားချော လီမင်ဟို၏ ချစ်သူ ဖြစ်သည့် ကိုရီးယားအမျိုးသမီးတေးဂီတအဖွဲ့ MissA မှ အဖွဲ့ဝင်ဆူဇီသည် သူ၏အလှပဆုံးသော ဓာတ်ပုံ များနှင့် အမှတ်တရဓာတ်ပုံများကို စုစည်းထားသော ဓာတ်ပုံစာအုပ်ကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။
ယင်းစာအုပ်ကို စတင်စမ်းသပ်ရောင်းချသည့် အနေဖြင့် သတ်မှတ်ထားသော စာအုပ်ဆိုင်အချို့တွင် လတ်တလောဝယ်ယူနိုင်ပြီဖြစ်ကာ ဓာတ်ပုံ စာအုပ်တွင်ပါဝင်သည့် နမူနာဓာတ်ပုံ အချို့ ကိုလည်း အွန်လိုင်းတွင် ဝင်ရောက်ကြည့်ရှု နိုင်ပြီဖြစ်သည်။
ယင်းစာအုပ်ကို ''suzy?suzy'' ဟု အမည်ပေးထားပြီး အဆိုပါစာအုပ် ထုတ်လုပ်ဖြန့်ချိနိုင်ရန်အတွက် အချိန် ရှစ်လခန့်ယူကာ ပြင်ဆင်ခဲ့ရကြောင်း နှင့် အဆိုပါစာအုပ်အတွက် ဒီဇိုင်းရေး ဆွဲခြင်း၊ စီစဉ်ခြင်းနှင့် မျက်နှာဖုံး ဓာတ်ပုံရွေးချယ်ခြင်းများကို ဆူဇီ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်းလည်းOSEN မီဒီယာက ရေးသား ဖော်ပြခဲ့ သည်။
အေးပြည့် - ရေးသားသည်။

No comments:

Post a Comment