Friday, October 30, 2015

ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ခုနစ်ဦး ယှဉ်ပြိုင်မည်




ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပွဲတွင် ကိုယ်စားလှယ်လောင်းခုနစ်ဦးအထိ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပြည့်စုံမှန်ကန်သော လျှောက်ထားသူစာရင်းကို အောက်တိုဘာ ၂၈ရက်က ထုတ်ပြန်ကြေညာခဲ့ရာ ထရီနီဒက်နှင့် တိုဘာဂိုကစားသမားဟောင်း ဒေးဗစ်နာကစ်ပါဝင်လာခဲ့ခြင်းမရှိကြောင်း သိရသည်။ ဒေးဗစ်နာကစ်သည် လျှောက်ထားသူ ကိုယ်စားလှယ်လောင်းများအတွက် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲ တွင် လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်ကို သတ်မှတ်ပေးရန်တောင်းဆို ခဲ့သူဖြစ်ပြီး ¤င်းပါဝင်လာခဲ့ခြင်းမရှိသည်နှင့် ပတ်သက်၍ ဖီဖာမှ အကြောင်းပြ ချက် တစ်စုံတစ်ရာမျှပေးခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပမည့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ပလာတီနီ၊ မင်းသား အလီဘင်အယ်လ်ဟူစိန်၊ ဂီအန်နီအင်ဖန်နီတို၊ တိုကျိုဆက်ဝေးလ်၊ မူဆာဘီလီတီ၊ ဂျေရုမီချန်ပါနီနှင့် ရှက်ခ်ဆယ်လ်မန်ဘင်အီဘရာဟင်အယ်လ်ခါလီဖာတို့ဖြစ်သည်။ အဆိုပါခုနစ်ဦးအား ဖီဖာစည်းမျဉ်း စည်းကမ်းဆိုင်ရာကော်မတီက စစ်ဆေးခဲ့ပြီးနောက် တရားဝင်လက်ခံလိုက်ခြင်းဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီအက်ဖ်အေ)ဥက္ကဋ္ဌ ပလာတီနီသည်ဖီဖာ ၏ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကော်မတီက ဘောလုံးအားကစားနှင့် ပတ်သက်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ မလုပ်ဆောင်ရန် ရက်ပေါင်း ၉ဝ တားမြစ်ပိတ်ပင်ခံခဲ့ရသည့် ကမ္ဘာ့ဘောလုံးလောက အထင်ကရသုံးဦးတွင် တစ်ဦးပါဝင်ခဲ့သူဖြစ်ပြီး အဆိုပါ သုံးဦးမှာ ဖီဖာအတွင်းရေးမှူးချုပ် ဂျေရိုမီဗယ်ကီ၊ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလက်တီနီတို့ဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment