Friday, October 30, 2015

သိပံ္ပရုပ်ရှင်မှာ ကာရာဒဲလ်ဗင်းန်နှင့်အတူပါဝင်သရုပ်ဆောင်မယ့် ရီဟားနား




အမေရိကန်ပေါ့ပ်ဂီတလောကရဲ့ဘုရင်မလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အဆိုတော်ရီဟားနားဟာ မော်ဒယ်လ်နှင့်သရုပ်ဆောင် ကာရာဒဲလ်ဗင်းန်နှင့် အတူ သိပံ္ပရုပ်ရှင် ''Valerian''မှာ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမ်တီဗွီနယူးစ်က ဖော်ပြခဲ့ပါတယ်။
အဆိုပါရုပ်ရှင်ဟာ ပြင်သစ်ဝတ္ထု ''Valerian and the City of a Thousand Planets'' ကို ပြန်လည်ရိုက်ကူးခြင်းဖြစ်ကာ ၂၈ရာစုအတွင်း ကမ္ဘာကိုကျူးကျော်လာသူတွေကို ကမ္ဘာပေါ်မှာရှိတဲ့ လူစွမ်းကောင်းတွေက ရင်ဆိုင်တိုက်ထုတ်ခဲ့ပုံကို ဇာတ်လမ်းဖွဲ့ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ယင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ လုစ်ဘက်စန်က အခုလိုရုပ်ရှင်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရီဟားနားပါဝင်သရုပ်ဆောင်မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိ ကြောင်း အောက်တိုဘာ ၂၈ရက်က သူရဲ့တွစ်တာစာမျက်နှာမှတစ်ဆင့် ရေး သားဖော်ပြခဲ့ပါတယ်။
သို့သော် ရီဟားနားဟာ ငွေရောင်ပိတ်ကားနဲ့ မရင်းနှီးတဲ့သူတစ်ဦးတော့ မဟုတ်ပါဘူး။ သူဟာ၂ဝ၁၂ခုနှစ်က ရိုက်ကူးခဲ့တဲ့ရုပ်ရှင် ''Battleship'' မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်သံဖန်တီးမှုရုပ်ရှင် ''Home'' မှာလည်း အသံဖြင့် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့အပြင်အခြားသော ဗွီဒီယိုတွေမှာလည်း သရုပ်ဆောင်ဖူးတာမို့ သရုပ်ဆောင်လုပ်ငန်းနဲ့တော့ အကျွမ်းတဝင်ရှိသူတစ်ဦး ပါ။
ယင်းရုပ်ရှင်ရဲ့ ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းတွေကို ယခု ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ပြုလုပ်သွားဖို့စီစဉ်ထားတဲ့အတွက် လတ်တလောမှာတော့ ရီဟားနားဟာ မကြာမီထုတ်လွှင့်တော့မယ့် သူရဲ့ ရှစ်ခုမြောက်တေးအယ်လ်ဘမ် ''Anti''အတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေပါတယ်။ ဒါ့အပြင်သူဟာ လာမယ့်Victoria’s Secret အမှတ်တံဆိပ်ရဲ့ ဖက်ရှင်ပြပွဲမှာ မော်ဒယ်လ်တစ်ဦးအဖြစ် ပါဝင်ပြသသွားမှာဖြစ်တဲ့အတွက်လည်း ပြင်ဆင်နေကြောင်း သိရပါတယ်။
အေးပြည့် - ရေးသားသည်။

No comments:

Post a Comment