Tuesday, September 1, 2015

ဦးပိန်တံတားအမှတ်တရလက်ဆောင် ရောင်စုံချည်ထည်ထီးကလေးများနှင့် တံတားမှတ်တမ်းစာရွက်ကလေးများကို စိတ်ဝင်စား



The Mirror Daily's photo.

အမရပူရ သြဂုတ် ၃၁

နေရာဒေသတစ်ခုသို့ ရောက်သည်နှင့် အမှတ်တရ ပစ္စည်းကလေးများကို ဝယ်ယူလေ့ရှိသည်။ အမှတ်တရ အဖြစ်အင်္ကျီများမှသည် အနုပညာ မြောက်လက်ရာပစ္စည်းကလေးများစွာ ကိုရောင်းချကြသည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များစွာ ဝင်ရောက် လာခြင်းနှင့်အတူ မြန်မာ့လက်မှုအနု ပညာပစ္စည်းများ ရောင်းချခွင့်ကြုံ ကြသည်။ အဓိကအားဖြင့်စက်ဖြင့်ပြု လုပ်သော ပစ္စည်းထက် လက်ဖြင့် ပြုလုပ်ဖန်တီးသော အနုပညာမြောက် လက်ရာများကို ဧည့်သည်များ အထူး စိတ်ဝင်စားကြသည်။

ပန်းချီ၊ ပန်းပု၊ယွန်းထည်များ၊ ရုပ် သေးများမှအစ ငွေထည်၊ ကြေးထည် များသည် မြန်မာမှုအနုပညာပစ္စည်းများကို နိုင်ငံတကာခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားကြသည်။ပြည်တွင်း ဘုရားဖူးဧည့်သည်များကမူ အဝတ်အစားများမှသည် အခြားအမှတ်တရ လက်ဆောင်ပစ္စည်း ကလေးများကို ဝယ်ယူကြသည်။

လက်ရှိကာလ ဦးပိန်တံတားသို့ လာရောက်သော ပြည်တွင်းဘုရား ဖူးများမှာ အမရပူရမှ ယခုနှစ်တွင် ကိုယ်တိုင်ပြုလုပ် ရောင်းချသည့်ရောင်စုံထီးကလေးများကို သဘောကျလျက်ရှိသည်။ အချို့ကလိုချင်သည့် အရောင်ကို အဆောင်ယတြာ အဖြစ်ပင် မှာယူကြသည်။ ရောင်စုံ ချည်ထည်ထီးကလေးများပြုလုပ်ရန်ရက်ကန်းလုပ်ငန်းတွင် သုံးသည့် ယဉ်သွားအဟောင်းကလေးများကို အသုံးပြုကာ ချည်အရောင်ငါးမျိုးဖြင့် ရက်လုပ်ရသည်။ တစ်နာရီ ရက်လုပ်ပါက လေးခုမျှသာပြီးသည်။ရောင်စုံထီး ဝယ်ယူပါက လက်ဆောင် အဖြစ်ပေးသော ဦးပိန်တံတားမှတ်စု စာရွက်လေးမှာ ကဗျာဆန်ပြီး စိတ်ဝင်စားမှုပိုမိုရှိစေသည်။ နှုတ်တစ်ရာ စာတစ်လုံးအဖြစ် သိမှတ်ကာ စာမှတ်တမ်းများပါ အိမ်ပြန် လက်ဆောင်ရသလို ဦးပိန်တံတား၏အတိုင်းအတာကို အလွယ်တကူ သိရှိနိုင်သည်။

လက်ရှိကာလ ပြည်တွင်းဘုရားဖူးများသည် ဦးပိန်တံတားမှတ်စုစာရွက် ကလေးများနှင့် ထီးကလေးများကို ဝယ်ယူအားပေးကြသည်။ ထီးတစ်လက်ကို ငွေကျပ်ငါးရာ၊ သုံးခုတစ်ထောင်နှုန်းဖြင့် ရောင်းချပြီး ဝယ်ယူသူကို ဦးပိန်တံတား မှတ်စုစာရွက်ကလေး လက်ဆောင်ပေးသည့်အတွက် အလွယ်တကူဖတ်ရှု သိရှိနိုင်ကြောင်း သိရသည်။
(တိမ်တမန်)

No comments:

Post a Comment