Monday, June 1, 2015

မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံလုပွဲ ဒုတိယနေ့ ကွာတားဖိုင်နယ် ပွဲစဉ်များ စံချိန်သစ်တင်

 
 
 
 
ရန်ကုန် မေ ၃၁
မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံလုပွဲ ၂ဝ၁၅ ဒုတိယနေ့ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ဆက်လက်ယှဉ်ûပိင်ထိုးသတ်ရာပြိုင်ပွဲဝင်များ ရေကုန်ရေခန်းယှဉ်ပြိုင်ထိုးသတ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့လောကကို စံချိန်သစ်တစ်ခုတင်နိုင်ခဲ့သည်။ ''ဒီနေ့ ယှဉ်ပြိုင်ထိုးသတ်တဲ့ တွဲဆိုင်းရှစ်ဆိုင်းလုံး ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတယ်။ ကျား ပေါက်နဲ့ထက်အောင်ဦးတို့ ထိုးသွား တဲ့ပွဲကို ပိုအကြိုက်ဆုံးပဲ။ အခုလိုရွှေ ခါးပတ်ပွဲက အမှတ်လည်း အမှတ်နဲ့ ဆိုတော့ လဲတာနဲ့ အမြန်ထကြတာ တွေ့ရတယ်။ ဒါမှ လက်ရည်အစစ် အမှန်ပေါ်တယ်လို့ပြောရမှာပါ''ဟု လာရောက် ကြည့်ရှုအားပေးသည့် လက်ဝှေ့ဝါသနာရှင် ဦးမိုးကျော်က သုံးသပ် ပြောကြားသည်။
ယနေ့ ကွာတားဖိုင်နယ်ပွဲစဉ် ရှစ်ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ မြန်မာ့ ရိုးရာလက်ဝှေ့လောကကို စံချိန်ချိုး နိုင်သည့်ပွဲစဉ်များဖြင့် စံချိန်သစ် တင်ခဲ့သည်။ ငါးချီပြည့် ပွဲစဉ်ရှစ်ပွဲ စလုံး တစ်နာရီကျော်သာ ကြာမြင့်ခဲ့ သည်။ မြန်မာ့ရိုးရာလက်ဝှေ့ကိုစိတ်ဝင် စား၍ လာရောက်ကြည့်ရှုသည့် ပြည်ပ နိုင်ငံခြားသားများပင်လျှင် ပွဲပြီးသည် ကိုပင် ဂရုမထားနိုင်ကြတော့ဘဲ ဖြစ်ခဲ့ကြသည်အထိပင် မြင်တွေ့ခဲ့ရ သည်။
''ရိုးရာလက်ဝှေ့လောကမှာ စံချိန် သစ်တင်ရမယ့်ပွဲတွေလို့ ပြောလို့ရ တယ်။ ဒီနေ့ပွဲစဉ်အားလုံး ပရိသတ် သဘောတွေ့ခဲ့ကြတယ်။ တွဲဆိုင်း ရှစ်ဆိုင်းလုံးမှာ ရဲတံခွန်နဲ့ ဝမ်းစတား တို့ တွဲဆိုင်းတစ်ဆိုင်းသာ ငါးချီပြည့် ခဲ့တယ်။ ကျန်တဲ့တွဲဆိုင်းအားလုံးက တစ်ချီ၊ နှစ်ချီ၊ သုံးချီဆိုရင်ပဲ အလဲထိုး တွေဖြစ်ကုန်တယ်။ တကယ်ဆို ငါးချီ ပြည့် တွဲဆိုင်းရှစ်ဆိုင်းဆို အနည်းဆုံး သုံးနာရီလောက်တော့ ကြာရမှာ။ ဒီလိုမျိုးတစ်ခါမှ မကြုံခဲ့ရဖူးဘူး''ဟု အဆိုပါပြိုင်ပွဲကို ကြိုးဝိုင်းဒိုင်အဖြစ် ဆောင်ရွက်ပေးသည့် ဝါရင့်လက်ဝှေ့ သမားဟောင်းတစ်ဦးက ဆိုသည်။
ယနေ့ ယှဉ်ပြိုင်ထိုးသတ်သည့် တွဲဆိုင်းရှစ်ဆိုင်းတွင် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်သည့် ၅၇ ကီလိုတန်းမှ မိုးဟိန်း(ဘိလပ်မြေစက်ရုံ)နှင့် ထယ် ကြီး(STL)တို့ပွဲတွင် မိုးဟိန်းက ဒုတိယအချီ ၂ မိနစ် ၇ စက္ကန့်မှာပင် အလဲထိုးဖြင့် လည်းကောင်း၊ ၆ဝ ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ်များ ဖြစ်သည့် ကြယ်စင်ဖြိုး(အဖြူရောင် သွေးသစ်)နှင့် လှစ်လှစ်လေး(ဝါဆို)တို့ပွဲတွင် ပထမအချီ ၂ မိနစ် ၆ စက္ကန့် မှာပင် ကြယ်စင်ဖြိုး၏ ဘယ်ခြေကန် ချက်ဖြင့်လည်းကောင်း၊ စောထူးဇော် (ဒို့ရိုးရာ)နှင့် မင်းသူ(STL)တို့တွဲဆိုင်း တွင် ပထမအချီ ၂ မိနစ် ၁၉ စက္ကန့် မှာပင် စောထူးဇော်၏ ဘယ်ဒူးတိုက် ချက်ဖြင့်လည်းကောင်း၊ စောဒါဝိတ် (တောင်ကလေး)နှင့် မင်းမင်း(ငြိမ်း ချမ်းရေး)တို့ပွဲတွင်လည်း စောဒါဝိတ် က ပထမအချီ ၂ စက္ကန့်မှာပင် ဘယ် ထောက်လက်သီးဖြင့် လည်းကောင်းအသီးသီးပွဲသိမ်းအနိုင်ယူခဲ့သည်။
ဆက်လက်၍ ၆၇ ကီလိုတန်း (ကွာတားဖိုင်နယ်)ပွဲစဉ်များဖြစ်သည့် ကျားပေါက်(ရွှေသောင်ရင်း)နှင့် ထက် အောင်ဦး(တောင်ကလေး)တို့ပွဲတွင် လက်ရည်မျှ သမ္ဘာရင့်လက်ဝှေ့ ကျော် နှစ်ဦးဆုံးတွေ့သည့်အလျောက် သူတစ်ပြန် ကိုယ်တစ်လှည့် ယှဉ်ပြိုင် ထိုးသတ်ရင်းက တတိယအချီတွင် ထက်အောင်ဦး၏ အနီးကပ်ဘယ်ဒူး တိုက်ချက်ကိုခံလိုက်ရသည့် ကျား ပေါက် ဘယ်လိုမှပြန်မထနိုင်တော့ဘဲ အလဲထိုးဖြင့် လည်းကောင်း၊ သွေးသစ် အောင်(ရွှေကုက္ကို)နှင့် မင်းထက်ဇော် (တိုက်ဂါး)တို့ပွဲတွင်လည်း ပထမအချီ ၁ မိနစ် ၃ဝ စက္ကန့်မှာပင် သွေးသစ် အောင်၏ ရုတ်တရက် ဘယ်ထောက် လက်သီးမိခဲ့သည့် မင်းထက်ဇော် ဘယ်လိုမှပြန်မထနိုင်ဘဲ အလဲထိုး ဖြင့်လည်းကောင်း အရှုံးပေးခဲ့ရသည်။ ဝမ်းစတား(ရွှေဖူး)နှင့် ရဲတံခွန် (အဖြူ ရောင်သွေးသစ်)တို့ပွဲတွင် ငါးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ပြီး ရဲတံခွန်က အမှတ်ဖြင့် အနိုင်ယူကာ ဆီမီး ဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်သည်။
ယနေ့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ၇၁ ကီလိုတန်းတွင် ရန်နိုင်အောင် (တောင်ကလေး)နှင့် ဖျံသွေး(ဝါဆို)တို့ပွဲတွင် လက်ဝှေ့သမ္ဘာရင့်သည့် ရန်နိုင်အောင်ကိုငယ်သွေးဂုဏ်ရှိသည့် ဖျံသွေးက သတ်လုံးသတ်ကွက် စုံလင် စွာဖြင့် ယှဉ်ပြိုင်ထိုးသတ်ရင်း ဒုတိယ အချီ ၁ မိနစ် ၂ စက္ကန့်တွင် ဖျံသွေး (ဝါဆို)က ပြင်းထန်သည့် ညာခြေကန် ချက်ဖြင့် ပွဲသိမ်းအနိုင်ယူခဲ့သည်။
မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံ ၂ဝ၁၅ လက်ကျန် ကွာတား ဖိုင်နယ်ပွဲစဉ်များနှင့် ဆီမီးပွဲစဉ်များ ကိုလာမည့် ဇွန် ၇ ရက်(တနင်္ဂနွေနေ့)တွင် ဆက်လက်ယှဉ်ပြိုင် ထိုးသတ် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းမြင်ကွင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment