Monday, June 1, 2015

မြန်မာ့ရွှေသတ္တု ဗဟိုဈေးကွက်ဖြစ်မြောက်ရေး အလုပ်ရုံဆွေးနွေး


Myanmaalinn's photo.


နေပြည်တော် မေ ၃၁ 

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထူထောင်ဖွင့်လှစ်မည့် Gold Central Market ဖြစ်ထွန်းလာ စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကို မေ ၂၈ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက် အမှာစကားပြောကြား သည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်း၏ အစီအမံဖြင့် ဆောင်ရွက်မည့် Gold Central Market ကို စနစ်တကျစီမံအကောင် အထည်ဖော်နိုင်ပါက တန်ဖိုးမြှင့် သတ္တုထုတ်ကုန်များ၊ တွင်းထွက်သယံ ဇာတများ ရောင်းဝယ်ဖောက်ကား လဲလှယ်နိုင်မည့် မြန်မာနိုင်ငံ၏ တစ်ခု တည်းသော ရွှေနှင့်သတ္တု ဗဟို ဈေးကွက်စင်တာကြီးတစ်ခု ပေါ်ထွန်း လာမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရွှေသတ္တု ရောင်းဝယ်ဖောက်ကား လာသူများကို နိုင်ငံတကာနှင့် တန်းတူ ရင်ပေါင်တန်း၍ ရောင်းဝယ်ဖောက် ကားနိုင်ပြီး ရွှေလောကဖွံ့ဖြိုးတိုးတက် စေရန် ဝိုင်းဝန်းအကောင်အထည် ဖော်ပေးကြရန် လိုအပ်ကြောင်း၊ အသင်း တာဝန်ရှိသူများအနေဖြင့် မိမိလုပ်ငန်းကဏ္ဍတွင် ပါဝင်ဆောင် ရွက်နေကြသူအားလုံးကို ထိရောက် မှန်ကန်သည့် ဦးဆောင်မှုပေးပြီး အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းကာ လုပ်ငန်းများ အောင်မြင် အောင်ကြိုးပမ်းဆောင်ရွက်သွားကြ ရန် မှာကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စားပွဲ ဝိုင်း ဆွေးနွေးပွဲ ငါးခုခွဲ၍ ပြည် တွင်း ပြည်ပဈေးကွက်ဆိုင်ရာ ကိစ္စ များ၊ ရောင်းဝယ်မှုစနစ်နှင့် ဈေးကွက် တည်ဆောက်ပုံ ကိစ္စများ၊ စံချိန် စံညွှန်း သတ်မှတ်ချက်များ ဆိုင်ရာ ကိစ္စများကို အသေးစိတ်ဆွေးနွေးဖော် ထုတ်ခဲ့ကြပြီး စားပွဲဝိုင်း ဆွေးနွေးပွဲ ရလဒ်များအပေါ် မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူ များက ပြန်လည်သုံးသပ်တင်ပြ ဆွေး နွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment