Monday, June 1, 2015

ဘလတ္တာကို ပြန်ရွေးတဲ့အတွက် ဥရောပဘောလုံးလောက စိုးရိမ်နေရပြီ



 

ဆပ်ဘလတ္တာကို ဖီဖာဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်လိုက်တဲ့အတွက် ဥရောပ ဘောလုံးနိုင်ငံတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာရပြီလို့ ဆိုပါတယ်။ ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ်အကြီးအကဲက ဖီဖာဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ အပြစ်ပြောဆို နေချိန်မှာ အင်္ဂလန်အက်ဖ်အေဥက္ကဋ္ဌက တော့ သူ့အနေနဲ့ ကမ္ဘာ့ဖလားကို သပိတ် မှောက်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဘလတ္တာကို လာဘ်စားမှု၊ အကျင့်ပျက်ချစားမှုများကို ဖုံးကွယ်ပြီး ဆန္ဒမဲပေးရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာဘလတ္တာရဲ့ ပြိုင်ဘက် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီဘင်အယ်လ် ဟူစိန်ကို ဒုတိယအကျော့မဲပေးဖို့ တိုက် တွန်းကြပေမယ့် ထပ်မံမဲမပေးပဲ အဆုံးသတ် ခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီး အက်ဖ်အေက ဖီဖာမှာ အပြောင်းအလဲဖြစ် စေဖို့ ဥက္ကဋ္ဌ မိုက်ကယ်ပလာတီနီနှင့်အတူ မင်းသားအလီကို ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် လာမယ့်ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်လာမယ့် ရုရှားကတော့ ဆပ်ဘလတ္တာပြန်လည် အရွေးခံရတာ ဂုဏ် ယူပါတယ်လို့ပြောဆိုပါတယ်။ ဘလတ္တာက တော့ သူ့ကို ပြန်ရွေးတဲ့အတွက် စိတ်လှုပ် ရှားမိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment