Monday, June 1, 2015

စီးရီးအေပြန်သွားဖွယ်ရှိနေတဲ့ တိုက်စစ်မှူး ကူရာဒရာဒို

 
 
 Myanmaalinn's photo.
 
ဖီအိုရင်တီးနား နာမည်ကြီးတောင်ပံတိုက်စစ်မှူး ကူရာဒရာဒိုကို ဇန်နဝါရီ လအတွင်းက ချယ်လ် ဆီးက စာချုပ်နိုင်ခဲ့ပေမယ့် ပရီမီယာလိဂ်မှာ နေရာမရဖြစ်ခဲ့ရပါတယ်။ သူ့ကို အင်တာမီလန်က စီးရီးအေသို့ ပြန်ခေါ်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီးသို့ ပေါင် ၂၆ ဒသမ ၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ကိုလံဘီယာတောင်ပံတိုက်စစ်မှူး ကူရာဒရာဒိုအနေ နဲ့ ချယ်လ်ဆီးမှာ နေရာမရဖြစ်နေတဲ့အတွက် ပြန်လည်ထွက်ခွာဖွယ်ရှိနေပါတယ်။ အသက် ၂၇နှစ် အရွယ်ရှိ ကူရာဒရာဒိုဟာ ဖီအိုရင်တီးနားမှာ အောင်မြင်ခဲ့တဲ့ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ လာမယ့်ရာသီအတွက် ကူရာဒရာဒိုကို ခေါ်ယူအားဖြည့်သွားဖို့ အသင့်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းအနေနဲ့လည်း အံဝင်ခွင်ကျမဖြစ်သေးတဲ့ ကူရာဒရာဒိုကို ပြန်ရောင်းထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
ချယ်လ်ဆီးအသင်းမှာ တိုက်စစ်မှူးကောင်းတွေများနေတဲ့အတွက်ကြောင့်လည်း ကူရာဒရာဒို အနေနဲ့ ခြေမပေါ်ဘဲဖြစ်ခဲ့ရပါတယ်။ ဒီအတွက် တိုက်စစ်မှူးကောင်းအလိုရှိနေတဲ့ အင်တာမီလန် အသင်းအနေနဲ့ ကူရာဒရာဒိုကို အရခေါ်ယူသွားဖွယ်ရှိပါတယ်။ စီးရီးအေနဲ့ အသားကျနေတဲ့ ကူရာဒရာဒိုအနေနဲ့လည်း စီးရီးအေမှာ ပြန်လည်ကစားနိုင်ဖွယ်ရှိပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment