Saturday, November 1, 2014

နိုင်ငံရေးအကျဉ်းသား ၃ဝ ကျန်ရှိနေသေးကြောင်း တင်ပြလာမှုအား စိစစ်ခဲ့ရာ သုံးဦးမှာ ပြစ်ဒဏ်လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန် ၂၇ ဦးမှာ အခြားပြစ်မှုကျူးလွန်ခဲ့သူများဖြစ်ကြောင်း တွေ့ရှိရ



နေပြည်တော် အောက်တိုဘာ ၃၁
 

လက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲစုစုပေါင်း (၁၂)ကြိမ်ပြုလုပ်ခဲ့ပြီး အကျဉ်းသား/သူ ၃၅၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေရေးအတွက် နိုင်ငံတော်သမ္မတထံသို့ တင်ပြ ဆောင်ရွက်ခဲ့သည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏အမိန့် အမှတ်(၅၁/၂ဝ၁၃)ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် အကျဉ်းသား/သူ ၅ဝ နှင့် အချုပ်ကျခံနေရသူ ၁၂ ဦးပါဝင်သဖြင့် စုစုပေါင်း အကျဉ်းသား/ သူ ၄ဝ၄ ဦးနှင့် အချုပ်သား ၁၂ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြသည်။

သို့သော် ၂ဝ၁၃ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသား ၃ဝ ကျန်ရှိနေသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့(FPPS)တို့၏ ထပ်မံတင်ပြလာမှုနှင့်ပတ်သက်၍ အကျဉ်းသားများ အား စိစစ်မှုများပြုလုပ်ခဲ့ရာ သုံးဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန် ၂၇ ဦးမှာ အခြားပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည်ကို စိစစ်တွေ့ရှိရ ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြစ်ဒဏ်များအား နိုင်ငံတော် သမ္မတရုံး၏အမိန့်အမှတ်(၅၁/၂ဝ၁၃)ဖြင့် ပယ်ဖျက်ပြီးဖြစ်ကြောင်းနှင့် လက်ကျန်ပြစ်ဒဏ်များသည် သက်ဆိုင်ရာတရားရုံးများ၏ ပြစ်ဒဏ်ချမှတ်ထားမှု အတိုင်းသာဖြစ်ကြောင်းသတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment